လွတ်လပ်သောလူငယ်များအစည်းအရုံး (လငစ)

လွတ်လပ်သောလူငယ်များအစည်းအရုံး (လငစ) သည် လူငယ်များဖြင့် စနစ်တကျ စုစည်းတည်ထောင်ထားသော ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် ၂၀၂၄ ခုနှစ်တွင် မန္တလေးဒေသကို အခြေပြု၍ စတင်ပေါ်ပေါက်လာခဲ့ပြီး၊ ယခုအခါ အညာဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါးတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ လွတ်လပ်သောလူငယ်များအစည်းအရုံးသည် နိုင်ငံရေးကိုအခြေခံသော အဖွဲ့အစည်းမဟုတ်သော်လည်း၊ လက်ရှိ တော်လှန်ရေးကာလ၏ လိုအပ်ချက်အရ တော်လှန်ရေးလုပ်ငန်းစဉ်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသော လူငယ်အင်အားစု ဖြစ်ပါသည်။

လွတ်လပ်သောလူငယ်များအစည်းအရုံး၏ လှုပ်ရှားမှုများနှင့် ဆောင်ရွက်ချက်များ

ပြည်သူ့အကျိုးပြုလုပ်ငန်းများ

လွတ်လပ်သောလူငယ်များအစည်းအရုံးသည် ပြည်သူ့အကျိုးပြုလှုပ်ရှားမှုလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

Public Service Public Service Public Service

ထောက်ပို့လုပ်ငန်းများ

ထောက်ပို့လုပ်ငန်းများကိုလည်း စတင်ဖွဲ့စည်းကာလကတည်းက ဆောင်ရွက်လျက်ရှိသည်။

Logistics Logistics Logistics

စစ်ရေးလုပ်ငန်းများ

လွတ်လပ်သောလူငယ်များအစည်းအရုံးသည် စစ်ရေးတွင် လက်နက်ကိုင်အစုအဖွဲ့တစ်ခုအဖြစ် စနစ်တကျ ပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး စစ်ရေးနှင့်ဆက်စပ် အခန်းကဏ္ဍတချို့တွင် ပါဝင်လျက်ရှိသည်။

Military Military Military

လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် အသိပညာပေးလုပ်ငန်းများ

၂၀၂၅ ခုနှစ်မှစ၍ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အဖွဲ့တွင်းသင်တန်းများ ပို့ချလျက်ရှိပြီး ပြင်ပ အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း ပို့ချပေးလျက်ရှိသည်။

Education Education Education

သပိတ်လှုပ်ရှားမှုများ

လွတ်လပ်သောလူငယ်များအစည်းအရုံးသည် မြေပြင်သပိတ်လှုပ်ရှားမှုများအပါအဝင် အွန်လိုင်းသပိတ်လှုပ်ရှားမှုများတွင်လည်း အစွမ်းကုန် ပါဝင်လျက်ရှိသည်။

Strike Strike Strike

တခြားလှုပ်ရှားမှုများ

နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး၊ CDM ထောက်ပံ့ရေး၊ အိမ်မွေးတိရစ္ဆာန်များကာကွယ်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်။

Other Other Other